စစ်တွေ နိုဝင်ဘာ ၂၅
စစ်တွေတက္ကသိုလ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းဖွင့်လှစ်သင်ကြားခြင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းနှင့် သင်ကြားခြင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ထိုနေ့တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၅၀ ဉီး၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဉီး၊ တတိယနှစ်တစ်ဦး၊ စတုတ္ထနှစ်နှစ်ဉီး၊ ပဉ္စမနှစ်စုစုပေါင်းတစ်ဉီး၊ တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား၊ ကျောင်းသူများနှင့် မဟာတန်းဒုတိယနှစ် ၁၂ ဉီး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၆၆ ဉီး ကျောင်းအပ်လက်ခံပြီး ပညာသင်ကြားလျက်ရှိသည်။
စစ်တွေတက္ကသိုလ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် နေ့သင်တန်းကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုကြပြီး ကျောင်းအပ်နှံရေးအတွက် အခက်အခဲမရှိစေရန် ဖောင်ဖြည့်သွင်းခြင်း၊ ကျောင်းလခပေးသွင်းခြင်းများကို အဆေင်ပြေချောမွေ့စွာ ကူညီဆောင်ရွက်ပေးကာ ကျောင်းစည်းကမ်း၊ အဆောင်နေစည်းကမ်းများနှင့် သင်ကြားစီမံကိစ္စများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)