ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ၌ Biometric လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ဂွ   နိုဝင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ Biometric ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီနှင့် ဝန်ထမ်းများက ကင်းရုံးရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား Biometric လုပ်ငန်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Biometric လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်