စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

စစ်တွေ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါစာအုပ်ပါ အခန်း ၄ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ အခန်း ၅ လစာသတ်မှတ်ခြင်းဆိုင်ရာနှင့် စပ်လျဥ်း၍ ရှင်းလင်း​ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အဆိုပါခေါင်းစဥ်များပါ အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အရည်အချင်းစစ်ဆေးခြင်း၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ မှတ်ချက်များစသည်တို့ကို တစ်ဦးချင်းဖတ်ကြားခဲ့ပြီး သိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆောင်းဝတီ