အမ်း နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အမ်းမြို့ပေါ်၌ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများ စုပေါင်း၍ မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၅) ရက်နေ့တွင်ကျင်းပမည့် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားနှင့် ကထိန်မဟာဉာတ်သင်္ကန်း၊ အရံသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း ကထိန်မဟာဉာတ်သင်္ကန်း၊ အရံသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရေးနှင့် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပခြင်းဖြစ်၍ မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် မွန်မြတ်လှသည့်ကုသိုလ်အလှူဖြစ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် ညီညာလက်တွဲပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ အားလည်းကောင်း လုပ်ငန်းကော်မတီ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)