ပေါက်တော နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် တောင်းဖူးကျေးရွာတွင် ယနေ့ နံနက်ပိုင်းတွင် ရောင်းချပေးသည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင် ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀ ကျပ်နှုန်းနှင့်အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ယနေ့တွင်တောင်းဖူး ကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီ ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးသည်။
ပေါက်တောမြို့နယ်ရှိပြည်သူများအားစားအုံးများဆီကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ယခုလအတွင်း စားအုံးဆီပိဿာ ၂၇၅၀ ပိဿာကို ရောင်းချပေးရန်လျာထားပြီး၊ ယနေ့အထိ စားအုံးဆီ ၂၇၅၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)