တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မာန်အောင် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်အထူးကုဆေးအဖွဲ့များ လိုက်ပါလာ သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့ နံနက် ၇ နာရီက မာန်အောင်မြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိ၊မြို့ဖများ၊ ကျောင်းသား/သူများ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွား မီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/ လည်ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ ပြည်သူ့ကျန်းမာရေး၊ အထွေထွေရောဂါကုသမှု ပါရဂူ ဆရာဝန်ကြီးများအဖွဲ့သည် မာန်အောင်မြို့ နယ် ခန်းမ၌ အခြေပြုလျက် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ (အခမဲ့) ဆေးကုသမှုများကို နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့ထိ (၃)ရက်တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)