ရသေ့တောင်မြို့၌ (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရသေ့တောင် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ယနေ့တွင် ကျရောက်သည့်(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က နှစ်ပတ်လည်နေ့နှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများအား ကန်တော့ချိုးဖြင့် ကန်တော့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက်အငြိမ်းစာ ဝန်ထမ်းဦးလှဘော်အောင်မှ ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုချီးမြှင့်ပြီး၊ တစ်နှစ်တာ လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးနှင့် လုပ်ငန်းပူးပေါင်း ကူညီဆောင်ရွက်သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီမြှင့်ခဲ့ပြီး ဗလာမပါ ကံစမ်းမဲဖေါက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)