မောင်တော နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနတွင်းဝန်ထမ်းများဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အားကစားကွင်းများတွင် နိုဝင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အမျိုးသမီးသမီး ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲများ ပါဝင်သည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားအသင်းများ၊ ဝန်ထမ်းများကို ဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲများကို နှစ်ပတ်လည်နေ့အကြိုအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအချင်းချင်း စည်းလုံးမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကိုလည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်