ပေါက်တော နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက နှစ်ပတ်လည်နေ့နှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများအဖြစ် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖေါက်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျန်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)