သံတွဲ နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီခွဲအချိန်က သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်အုပ်ချူပ်ရေးမှူးဦးမျိုးချစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး Video Clip ကိုပြသခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဝန်ထမ်းများအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။ ဆက်လက်၍ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလှူအဖြစ် သံတွဲမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရေဝတအမှူးပြုသည့် ဆရာတော်ငါးပါးထံမှ ငါးပါးသီလခံယူပြီး မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြကာ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်ငါးပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)