မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ စားသုံးဆီ (၁)ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် လက်လီရောင်းချပေး

မြေပုံ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ ရပ်ကွက်နေစားသုံးသူ ပြည်သူများသို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးမည့် စားသုံးဆီများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က စစ်ဆေးကြီးကြပ်လျက် မြောက်ဦးခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး/ မြေပုံမြို့နယ်၊ စားသုံးဆီ အရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ ရွာသစ်ကေရပ်ကွက်ရှိ ရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာအား လက်လီအရောင်းဈေးကားဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း