ပုဏ္ဏားကျွန်း နိုဝင်ဘာ ၇
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ထွေ/အုပ်ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက မိမိတို့ဌာန၏ရှေ့လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက်တာဝန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ၂၀၂၃ ခုနှစ်မှစ၍ မည်သည့်ခွင့်မှခံစားမှုမရှိသောဝန်ထမ်းများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား စံပြဆုချီးမြှင့်ပေးပြီး၊ အငြိမ်းစားဝန်ထမ်းများကို အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ မြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော ထွေ/အုပ်စာရေးဝန်ထမ်းများကို အမှတ်တရ အသုံးအဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)