ကျောက်ဖြူ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် Grade - 5 မှ (၃)ဦး၊ Grade - 6 မှ (၃)ဦး၊ Grade - 8 မှ (၃)ဦးနှင့် Grade - 9 မှ (၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အား လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းများကိုလည်း တာဝန်ရှိ ဆရာ၊ဆရာမများမှ အကဲဖြတ်စစ်ဆေးခဲ့သည်။ ယင်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည်မီသူများကို ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ်၌ နိုဝင်ဘာလ(၁)ရက်နေ့က အင်္ဂလိပ်စာနှင့် သင်္ချာထူးချွန်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး အင်္ဂလိပ်စာထူးချွန်ဖြေဆိုခဲ့ကြသည့် Grade - 5 မှ (၂၃)ဦး၊ Grade - 6 မှ (၁၅)ဦး၊ Grade - 8 မှ (၇)ဦးနှင့် Grade - 9 မှ (၈)ဦး၊ သင်္ချာထူးချွန်ဖြေဆိုခဲ့ကြသည့် Grade - 5 မှ (၂၇)ဦး၊ Grade - 6 မှ (၂၂)ဦး၊ Grade - 8 မှ (၁၆)ဦးနှင့် Grade - 9 မှ (၁၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)