သံတွဲ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က (၄၄)ကြိမ်မြောက်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာကော်မတီအလိုက် လိုအပ်ချက်များတင်ပြဆွေးနွေးပေးကြရန်နှင့် ဆောင်းဦးပွဲတော် ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာ ကော်မတီအလိုက် လိုအပ်ချက်များ တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကျင်းပရေးလုပ်ငန်းကော်မတီများနှင့် ဆောင်းဦးပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီများက အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
နေမျိုးအောင်