အမ်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

အမ်း နိုဝင်ဘာ  ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်အတွင်း ရထား လမ်းဖောက်လုပ်ရေးစီမံကိန်း အခြေအနေ၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဘုန်းတော်ကြီးကျောင်းပညာရေး အခြေအနေများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ကိစွရပ်များ၊ လမ်း၊ တံတားနှင့် တည်ဆောက် ဆဲတည်ဆောက်မည့်လုပ်ငန်းများနှင့် မိမိတို့ရုံးအဆောက်အအုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ရုံးဥပဓိရုပ်များကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အ‌ခြေ အနေ၊ စိုက်ပျိုးရေးကဏ္ဍများ၊ အမ်းမြို့‌အတွင်း နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biom etric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ကြသည်။ ထို့နောက် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သာစည်ကျေးရွာအဝင်လမ်းအခြေအနေ၊ ဆက်သွယ်ရေးအခက်အခဲရှိမှုအခြေအနေ၊ စနဲအုပ်စုအတွင်းရှိ ရွာချင်းဆက်လမ်း အဆင့်မြှင့်ရေးလုပ် ငန်းအခြေအနေ၊ ဇင်တောကျေးရွာ ပညာရေးသင်ကြားမှုအခြေ အနေ၊ လျှပ်စစ်မီးရရှိရေး၊ ရပ်ကွက်ကျေးရွာများ‌၌ သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များ ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)