မာန်အောင်မြို့၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးတို့တွင် ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား

မာန်အောင် အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ မာန်အာင်မြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယနေ့ နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်းနှင့် မဟာ ဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ၊ လှူဒါန်းကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်းကားလျက်ရှိသည်။

ထို့နောက်မာန်အောင်မြို့တွင် မြို့ကျက်သရေဆောင် ရန်အောင်ရပ်ကွက်ရှိ ရန်အောင်မြင်စေတီတော်၊ ဓာတ်တော်စေတီတော်မြို့မရပ်ကွက်ရှိ မဟာထီးဘုရားနှင့် အနောက်စုရပ်ကွက်ရှိ သီရိကျက်သရေ လေးဆူမြတ်ရှင်မာရ်အောင်မြင်စေတီ၊ ပုထိုးတို့တွင် လည်းဆီမီးထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာတိုင်များဖြင့် ပူဇော်ခြင်းစသည့်ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)