ပေါက်တော အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့နှင့် ပေါက်တော လူမှုကူညီမှုအသင်း (Pauktaw Human Rescue) အသင်းတို့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၅)နာရီအချိန်က ပေါက်တောမြို့ရှိ ဦးဥတ္တမလမ်းတစ်လျှောက် ပိဏ္ဍပါတံ ဆွမ်းတော်ကြီး လောင်းလှူပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆင်းတုတော်နှင့်အတူ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၇)ကျောင်းမှ သံဃာတော်အပါး(၁၃၀)ကျော်တို့သည် ဝါတော်ကြီးငယ်စီတန်းလျက် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်စုရပ်မှ ဦးဥတ္တမ လမ်းတစ်လျှောက် သင်္ဘောဆိပ်လမ်းအထိ ဆွမ်းခံကြွလာကြကာ လမ်းဘေးဝဲယာတစ်လျှောက် မြို့သူ မြို့သားများက ဆွမ်းထမင်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချို၊ အချဥ်စသည့် လှူဖွယ်ဝတ္ထုအစုစု တို့ကို တပျော်တပါး ကုသိုလ်ဒါနပြုလောင်းလှူခဲ့ကြသည်။ ထိုသို့ပေါက်တောမြို့နယ်လုံး ဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲကို မြို့ပေါ်ရှိပရဟိတ ရွှေပန်းထိမ်လူငယ်များအဖွဲ့နှင့် ပေါက်တောလူမှုကူညီမှုအသင်း (Pauktaw Human Rescue) အသင်းတို့၏ ဦးဆောင်မှုဖြင့် သီတင်းကကျွတ်လပြည့်နေ့တွင် ကျင်းပလာခဲ့သည်မှာ (၃၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)