အမ်း အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဂါယ်လောင်းကျေးရွာ၊ စံပြစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်း ကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေးဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
အဆိုပါ အသင်း၌ အသင်းသား တောင်သူ ၄၉ ဦး၏ မိုးစပါးစိုက်ပျိုးဧက ၁၅၀ ဧကတွင် GW-11 စပါးနှင့် ပေါ်ဆန်းရင် စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်းနှင့် အမ်းမြို့နယ်အနေဖြင့် သမဝါယမအသင်း(၄)သင်းရှိ အသင်းသားတောင်သူ ၁၂၅ ဦး၏ မိုးစပါးစိုက်ပျိုးဧက စုစုပေါင်း ၃၈၀ တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် GW-11စပါးနှင့် ပေါ်ဆန်ရင် စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)