သံတွဲမြို့၌ လူပုဂ္ဂိုလ်များဆိုင်ရာ စာပေသင်တန်း စာအောင်ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲ    အောက်တိုဘာ  ၂၄

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်၊ စာမေးပွဲအောင်မြင်သူများနှင့် အဘိဓမ္မဓရဘွဲ့ရရှိသူများအား စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က သံတွဲမြို့ သာသနာ့ ဗိဗ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြသည်။ ထို့နောက် မြို့ဦးတောင် ကျောင်းဆရာတော်(အဂ္ဂမဟာပဏ္ဍိတ)  ဘဒ္ဒန္ဒရေဝ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဂျိတ္တောရပ်ကွက်၊ ပုလဲရတနာပရိယတ္ထိ စာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဣန္ဒာစာရထံမှ ဩဝါဒကထာနာယူခဲ့ကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံတွဲမြို့ရှိ  ၂၀၂၁-၂၀၂၂ ခုနှစ်၊ လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်၊ စာမေးပွဲအောင်မြင်သူများနှင့် အဘိဓမ္မဓရဘွဲ့ရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်မဟာဗာဓိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကလျာဏ( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ထံမှအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)