ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဟိုတယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

သံတွဲ  အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်သည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က သံတွဲမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။         

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတွဲမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသတွင်း ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် နေရာများဖြစ်သော ပေါင်ဝန်မြပတ္တများဥယျာဉ်၊ စာနီတောင်ဆင်စခန်း အစရှိသည့်နေရာများတွင် ယခင်ထက်ပိုမိုလာရောက် အနားယူအပန်းဖြေသူများပြားလာစေရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။ ဒေသခံခရီးသွားဧည့်သည်များ၊ နိုင်ငံသားခရီးသည်များစွာ လာရောက်လည်ပတ်နိုင်ရေးနှင့် လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက်လိုအပ်ချက်များကို အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းညှိနှိုင်းစီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုလိုလည်ပတ်သည့်နေရာများအား လူအများသိအောင် မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရိုက်ကူးထုတ်လွှင့်ရန်လိုအပ်ကြောင်း၊ ဝင်ငွေများတိုးပွားလာစေရေး ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
 ခရိုင် (ပြန်/ဆက်)