ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဘူးသီးတောင် အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား မီးပေါ့ဆမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေး ပိုစတာများကို ယမန်နေ့  ညနေပိုင်းက အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံ နေရာများတွင် စိုက်ထူခဲ့ကြ သည်။

အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် "သင့်ကြောင့် မီးမလောင်ပါစေနှင့်" ဒီလိုအနိဌာရုံ မြင်ကွင်းမျိုးမကြုံ ရစေဖို့ မီးဘေးရှောင်မလောင်ခင်တားလို့ အားလုံးဝိုင်းဝန်းကာကွယ်ကြပါစို့နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပါရန် အရေးပေါ်ဖုန်းနံပါတ်များ စသည့်အသိပညာပေး ပိုစတာများကို အများပြည်သူ မြင်သာသည့် လမ်းဆုံနေရာများ ဖြစ်သော အမှတ်(၆) မြို့သစ်တောင်ရပ်ကွက် မြို့မစည်ပင်သာယာဈေးရှေ့လမ်းဆုံနှင့် အမှတ်(၂) မြို့မရပ်ကွက် နတ်ပင်ရင်းလမ်းဆုံတို့တွင် ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ စိုက်ထူခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)