ခရိုင်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)ကျင်းပ

သံတွဲ စက်တင်ဘာ ၂၉

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းယုမော်က e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယအဆင့် ဖြစ်သည့် Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းအဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင်မည့်အခြေအနေများကို ဆွေးနွေး တင်ပြကြရာဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ အထွေထွေဆွေးနွေးရာတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်/မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်​ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်တည်/ကော်၏စစ်ဆေးမှုကို ခံယူနိုင်ရေးအတွက် လုပ်ငန်းများ​ပြုစုတင်ပြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ခရိုင်(ပြန်/ဆက်)