ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

မောင်တော စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယနေ့ နံနက်  ၉ နာရီ အချိန် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ  လက်ထောက်မီးသတ်ဦးစီးမှူး သိန်းထွန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိမရှိ ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိအသုံးပြုတတ်စေရေး ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို ကွင်းဆင်း စစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး(ပြန်/ဆက်)