ပေါက်တော စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများကို ယနေ့နံနက်ပိုင်းက ပြသထားရှိရာ ပြည်သူများနှင့်လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာများ ကြော် ငြာခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသိပညာပေး (Talk Show) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)