ကျိန္တလီမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ကျိန္တလီ    စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ (Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးအလုပ်သမားဖြစ်ပေါ်လာရခြင်းနှင့်သတ်မှတ်ထားသည့် အသက်အရွယ် အပိုင်းအခြား၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများ စသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆက်နွယ်စိုးက ကလေးအလုပ်သမား သတ်မှတ်ထားသည့် အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေများ အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းတို့ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇော်လင်း