မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိ

မြောက်ဦး  စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က  ဗန္ဓုလရပ်ကွက် အ.မ.က(မူလွန်)  ကျောင်း၌ ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရာတွင် မြို့နယ်ကျန်း မာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမှီ စာရင်းများ စနစ်တကျ ကောက်ယူခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ  ကာကွယ်ဆေးများကို စနစ်တ ကျ ထိုးနှံပေးလျက်ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေးကို အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်း ထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြားကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)