ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ

စစ်တွေ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နေ့လယ် ၂ နာရီ၌ အ.မ.က ကုန်တန်း(၁)ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ကျောင်းသား/သူများအား စာအုပ်၊ စာပေဖတ်ရှုရခြင်းအကျိုးတရားအား ရှင်းလင်းပြောကြားပြီး မိမိတို့ကြိုက်နှစ်သက်မည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် နောင်ကိုလည်း ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို လာရောက်ငှားရမ်း ဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါလေ့လာရေးခရီးစဥ်အား ကျောင်းအုပ်ကြီး ဦးခင်မောင်အပါအဝင် အုပ်ထိန်းသူ ၁၂ ဦး၊ ကျောင်သား ၃၁ ဦး၊ ကျောင်းသူ ၃၀ ဦး စုစုပေါင်း ကျောင်းသား/သူ ၆၁ ဦးတို့က ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များအား ဖတ်ရှုလေ့လာခဲ့​ပြီး နေ့လယ် ၃ နာရီအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကိုရိုက်ကူးပြီး စစ်တွေခရိုင် facebook page တွင် တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆောင်းဝတီ