မြေပုံမြို့၌စားသုံးသူရေးရာဦးစီးဌာနမှ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြေပုံ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်မျိုးဦးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် သတိပြုဆင်ခြင်ပြီး ဝယ်ယူစားသုံးရမည့် အချက်အလက်ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးစံညွန့်မှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာဆုံးရှုံးမှုများကို မိမိဌာနသို့တိုင်ကြားနိုင်ပါကြောင်းနှင့် လိမ်လည်တိုင်ကြားမှုမပြုကြရန်၊ OnLine မှ လိမ်လည်မှုများကို အထူးသတိပြုကြစေရန်နှင့် OnLine Shopping ရောင်းချနေသူများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီး ရောင်းချခွင့်ပြုပေးထားပါကြောင်း၊ တိုင်းကြားနိုင်သည့် Wetsite, Application နှင့် CICC  ဖုန်းနံပါတ်များကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်ဝင်း