ပင်လောင်း စက်တင်ဘာ ၁၀
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.ed (၅)နှစ်သင်တန်း အမှတ်စဥ်(၁၁) အတွက်သင်တန်းဝင်ခွင့် ရေဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းများဝင်ခွင့်ရ စာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)အတွက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ပြီး၊ ဝင်ရောက်ဖြေဆိုသူ ၉ ဦးရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ (၅)နှစ် သင်တန်းဝင်ခွင့် စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ပြီး၊ ဖြေဆိုခွင့်ရှိသူ ၁၁ ဦးဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သင်တန်းများအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဖြေဆိုအောင်ပြီး သတ်မှတ်ထားသည့် အောင်မှတ်များရရှိသည့် ကျောင်းသား၊ကျောင်းသူများမှ ဝင်ရောက်ဖြေဆိုခွင့်ရှိကြောင်း၊ သင်တန်းဝင်ခွင့် ဝင်ရောက်ဖြေဆိုပြီး ရေးဖြေ အောင်မြင်သူများအား လူတွေ့နှုတ်ဖြေများဖြင့် ထပ်မံပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်