ဘူးသီးတောင် စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ လူမှောင်ခို/လူကုန်ကူးမှုနှင့် မှုးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ အမှတ်(၁) လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူးရုံး မောင်တောမှဒုရဲမှူး စံမင်းက လူကုန်ကူးမှုနှင့်ပတ်သတ်၍သော်လည်းကောင်း၊ မှုးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၄၆) မှုးယစ်တပ်ဖွဲ့စု၊ မောင်တောမှရဲမှူးမြင့်သောင်းမှ မှုးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
အခမ်းအနားသို့ အမှတ်(၁) လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူးရုံး မောင်တောမှ ဒုရဲမှူး စံမင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့၊ မောင်တောမှ ရဲမှူး မြင့်သောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်ဝင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)