ပေါက်တောမြို့တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပေါက်တော စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ မိမိတို့ ရုံးလုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အသီးသီးမှ ချေးငွေလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ၊ အခြေခံပညာစာသင်ကျောင်းများအား ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊  ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ထားရှိကြရန်၊ အပတ်စဥ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက် လာရောက်ကြရန်နှင့် မိမိတို့ ရုံးအဆောက်အအုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေနှင့် ရုံးဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိကြရန်၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ ဌာနလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကိုကိုအောင်က မြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များနှင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                              

မြို့နယ်(ပြန်/ဆက်)