တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

တောင်ကုတ် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ (ဒုတိယနေ့)နှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် အချိန်တွင် မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။

ဒုတိယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေး အဆိုပြိုင်ပွဲတွင် အဆင့်မြင့် ပညာအဆင့်(အမျိုးသား)၊ (အမျိုးသမီး)ပြိုင်ပွဲများကိုလည်းကောင်း ၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား)ပြိုင်ပွဲများကိုလည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသမီး)ပြိုင်ပွဲ များကို လည်းကောင်း ကျင်းပပြုလုပ်သည်။

ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲများ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲများအလိုက် ဆုရရှိကြသူများ အားဆုချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဒိုင်အဖွဲ့ဝင်များ၊ အတတ်ပညာရှင်များနှင့်အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်နှင့် ပါမောက္ခများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)