မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သင့် ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

မြောက်ဦး စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်(၅၀၀၀) အိတ်နှင့် စားသောက်ဖွယ်ရာများ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လေဘေးသင့်ပြည်သူများကိုယ်စား ကျေးရွာအလိုက် ကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)