မိုင်းဆတ် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူဗဟိုပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရုပ်ပုံပြ ပုံပြင်ပြောခြင်းကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ကလေးစာဖတ်ခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေ ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင် က ဇာတ်လမ်းနှင့် သရုပ်ဖော်မောင်ခေတ်ထွန်း၏ “သစ်ကောက်ပင်နှင့်သစ်ဖြောင့်ပင်” ခေါင်းစဉ်ဖြင့် ရုပ်ပုံပြ ပုံပြင်ပြောပြပြီး ကျောင်းသား၊ကျောင်းသူများ အနေဖြင့် “သစ်ကောက်ပင်နှင့်သစ်ဖြောင့်ပင်”ကဲ့သို့ အလှအပကို မယှဉ်ပြိုင်ကြရန်နှင့် မိမိတို့၏အားနည်းချက်ကို အာရုံမစိုက်ဘဲ ကျောင်းသင်ခန်းစာများကိုသာ ကြိုးစားသင်ယူကြရန် အသိပညာပေး ပြောကြား ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွား စေရန် စာအုပ်စာစောင်များကို နယ်လှည့်ငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များနှင့် ပန်းချီပြိုင်ပွဲများ၊ အရုပ်ဆက်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)