ဘူးသီးတောင် သြဂုတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်၌စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အင်းချောင်းကျေးရွာအုပ်စု၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့ညနေပိုင်းက အဆိုပါကျေးရွာများရှိ အမကစာသင်ကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်သည်။
အဆိုပါစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရာတွင် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းက ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်အခိုက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီကယ် ဆယ်ရေးနှင့်ထောက်ပံ့ပစ္စည်းများပြည်သူများ လက်ဝယ်ရောက်ရှိ၊မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးတို့ကို မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်သူများ၏တင်ပြခက်များအပေါ် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)