မောင်တော ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့သူကြီးကျေး လက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအနေဖြင့် မြို့သူကြီးကျေးလက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်က တစ်ကိုယ်ရေ သန့်ရှင်းရေးမှုဆိုင်ရာများ၊ သွေး လွန် တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများနှင့် ဖုံးအုပ်မထာသည့် အစား အစာ များ ၊ မသန့်ရှင်းသော အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ဖွားနိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့သူကြီးကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း ၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများ ပြုလုပ်ပြီး kg ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖွံ့ဖြိုးမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)