မြောက်ဦး ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာ၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ "ဓာတုပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာသုံးစွဲမှုကြောင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ဓာတုဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသောဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားကြရပြီး ၎င်းပြသနာကို ကုစားဖြေရှင်းပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခုအနေဖြင့် သဘာဝမြေဆွေးပြုလုပ်သုံးစွဲလာစေရန်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာမှ ပြည်သူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ( ပြန်/ဆက်)