မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မြောက်ဦး  ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးတင်ရွှေက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ဗဟုသုတရရှိစေရန် စာပေဖတ်ရှုလေ့လာ ကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ၊ အတတ်ပညာများရရှိကာ အမှား/ အမှန်ကို စေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းစသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင်းနှင့် အလယ်အဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀) ဦးဝင်ရောက်ယဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းကြောင့် ‘‘အလိမ္မာစာမှာရှိ” ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့်ရင်နှီးထိတွေ့မှုရှိစေခြင်း၊ စာအုပ်၊ စာပေများနှင့်လည်းရင်းနှီးမှုရှိစေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)