ပုဏ္ဏားကျွန်း ဩဂုတ် ၁၇
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စူပါဘိုကာရှီ ပြုလုပ်နည်း ပညာသရုပ်ပြပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က စူပါဘိုကာရှီ ပြုလုပ်သုံးစွဲဖြင့်ဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် EM ဘိုကာရှီအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က စူပါဘိုကာရှီ ပြုလုပ်နည်း ပညာအဆင့်ဆင့်တို့ကို စနစ်တကျ လက်တွေ့သရုပ်သခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)