မြေပုံ ဩဂုတ် ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အငူကျေးရွာအုပ်စုရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးးလုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့ညနေ(၂)နာရီအချိန်က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်သည်။
စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရာတွင် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိဌာနှင့်သက်ဆိုင်သော ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ ချင်လင်းတင်ပြသည်။
နိုင်ငံရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲကျော်အောင်မှ မိုခါမုန်တိုင်းနှင့် ပတ်သတ်၍ နိုင်ငံတော်မှထောက်ပံ့ပစ္စည်းများ ရရှိ/ဖြန့်ဝေပေးမှုအခြအနေ၊ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားပြီး ထူးခြားမှု ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများအား သတင်းပေးပို့ရန် စည်းရုံးမှာကြားသည်။ အုပ်ချုပ်ရေး စစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်းလင်းနိုင်က မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ မူဝါဒများအား ကျေးလက်နပြည်သူများ သိရှိစေရန် ရှင်းလင်းပြောကြားပြီး ရပ်ရွာအေးချမ်းသာယာရေးအတွက် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုမပြုကြုရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက် ထူးခြားဖြစ်စဉ် အကြောင်းအရာရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများ ထံသတင်းပေးရန် စည်းရုံးမှာကြားသည်၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းအဖွဲ့ဝင် မွေး/ကုဦးစီးဌာနမှ ဒေါက်တာဝင်းထိုက်က မိုခါမုန်တိုင်းအလွန်ကာလ၌ ကျေးရွာများအတွင်း မွေးမြူထားသော တိရိစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့၌ ပူးပေါင်းဆောင်ရွက်ရန်ပြောကြားသည်၊ လူမှုရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန်းထွန်းက မိုခါမုန်တိုင်းနှင့် မုန်တိုင်းအလွန် ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများအား ပူးပေါင်းဆောင်ရွက်သကဲ့သို့ ယခုအခါဖြစ်ပေါ်နေသော သွေးလွန်တုတ်ကွေးရောဂါ ကျဆင်းစေရေးအတွက် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားပြီး စည်းရုံးရေးစစ်ကြောင်းအဖွဲ့ ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးဇော်ဇော်လွင်မှ မိုခါမုန်တိုင်း ပျက်စီးဆုံးရှုံးခဲ့သော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို သတ်မှတ်ပုံစံများဖြင့် လှဲလှယ်နိုင်ရေး ဆောင်ရွက်ကြရန် စည်းရုံးပြောကြားသည်။
အငူကျေးရွာအုပ်စုရှိ အငူရွာသစ်ကျေးရွာနှင့် အငူရွာဟောင်းကျေးရွာတို့မှ ဒေသခံပြည်တို့က မိမိဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြတောင်းဆိုကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြောင်း သိရှိရသည်။
တင်ဝင်း