ပေါက်တော ဩဂုတ် ၅
ပေါက်တောမြို့မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ရွှေပြည်တန်အမြန်ရေယာဥ် ဆိပ်ကမ်း ဖောင်တော်မှ ထွက်ခွာမည့် ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဥ်အား ကြံ့ခိုင်မှုအပါအဝင်စည်းကမ်းချက်များ ညီညွတ်မှု ရှိ၊မရှိ ပေါက်တောမြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။
ပေါက်တောမြို့ မှ စစ်တွေမြို့သို့ ခရီးသည်များ ပို့ဆောင်သည့် ရွှေပြည်တန်အမြန်ရေယာဥ်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေယာဥ်ပေါ်တွင် သတ်မှတ်ခရီးသည် ဦးရေးနှင့်အညီ အသက်ကယ် အင်္ကျီများ လုံးလောက်စွာ ပါဝင်ခြင်း ရှိ၊မရှိ ပေါက်တောမြို့၌ ရွှေပြည်တန်အမြန်ရေယာဥ် ညအိပ်ရပ်နားခြင်း ရှိ၊မရှိ စသည့်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)