အမ်း ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နံရံကပ်စာစောင်ပြသခြင်းအား ယနေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
နံရံကပ်စာစောင်ပြသရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် သိရှိလိုက်နာ သင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ နောက်ဆက် တွဲရလဒ်ဆိုးကျိုးများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ အကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်း သူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေး နံရံကပ်စာစောင်များ ဓာတ်ပုံများအား ကျောင်းသားကျောင်း သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း