မြေပုံ သြဂုတ် ၃
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေနှင့် ဇွန်) လများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်သွားရောက်ထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင် ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်ကြီး ဘိုးဘွားများထံသို့ သွားရောက်ထောက်ပံ့သည်။
မြေပုံမြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား (၁၀၀၀) ဦးအတွက် ဘိုးဘွားတစ်ဦးအား တစ်လလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် သုံးလစာ (၃၀၀၀၀) ကျပ်အား သက်ဆိုင်ရာကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက်သွားထောက်ပံ့ ပေးအပ် ကြောင်း သိရသည်။
တင်ဝင်း