စစ်တွေ ဩဂုတ် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးပွားရေးစီမံကိန်း အရအခြေခံစက်ချူပ် နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က စစ်တွေမြို့ ကျောက်တန်းချေ ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူများအားသင်တန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာမှ တာဝန်ခံများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ သင်တန်းသူများ၊ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းသို့သင်တန်းသူ (၁၅)ဦးတက်ရောက်လျက်ရှိပြီး ယနေ့မှ စက်တင်ဘာ ၁ ရက်ထိ (၁)လကြာ ကြာဖွင့်လှစ်သွားမြင့်ဖြစ်ပြီး ၎င်းသင်တန်းပြီးနောက် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား (၁၅)ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)