ကျောက်တော်မြို့၌ ရခိုင်ပြည်အစိုးရအဖွဲ့ မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ ဆီနှင့်‌ ဆေးဝါးများ ဆက်ကပ်လှူဒါန်း

ကျောက်တော် ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင်  ရခိုင်ပြည်အစိုးရအဖွဲ့မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ဆီနှင့်‌ဆေးဝါးများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့်အဖွဲ့ဝင်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ၊ ကသစ်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဓသောဘန (မဟာသဒ္ဒဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်တော်မူလာကြသောဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်အား ရွတ်ဖတ်သရဇျယ်ပူဇော်ကြသည်။ ဆက်လက်၍ ရခိုင်ပြည်အစိုးရအဖွဲ့မှ လှူဒါန်းသည့်ဝါဆိုသင်္ကန်း၊  ပေါ်ဆန်းမွှေးဆန်၊ ဆီနှင့်‌ဆေးဝါးများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ရာ  ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်သူမြတ်များထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း