သံတွဲ ဇူလိုင် ၁၇
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်Book Club, Youth Club တို့ ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲကို သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဒိုင်အဖွဲ့ဝင် Book Club အဖွဲ့နာယက မြင့်စိုးက ကဗျာအတွေးအမြင် ရေးသားမှုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပရာ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade - 9 , 10, 11, 12 ကျောင်းသား/သူ ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုလိုပြိုင်ပွဲများကျင်းပပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူလေးများ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊အတွေးအခေါ်ရင့်သန်လာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)