မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မောင်တော   ဇူလိုင် ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက အသေးစားစက်မှု လက်မှုဦးစီးဌာနမှ သစ်တောရွာ ကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်သည့် (၇၆) နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်နေမှုနှင့် ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်များကို ခင်းကျင်း ပြသထားရှိမှုအား ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သစ်တောရွာကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲတွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုတတ်မြောက်ခြင်းအားဖြင့် လူငယ်များ လမ်းမှားမရောက်စေဘဲ၊ ပညာရေးတစ်ပိုင်းတစဖြင့် အနာဂါတ်ဘဝများ မပပျောက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေခြင်းကြောင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဉမ္မာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင် ပို့ချပေးမည့် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နည်းပြ ၂ ဦးက သင်ကြား ပို့ချမည့်ဖြစ်ရာသင်တန်းသူ ၂၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှ ၅ ရက်တာ ဖြစ်ကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲသို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ယင်းနောက် ပြန်လည် ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲ ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခင်းကျင်းပြသထားသော‌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ် စာစောင်နှင့် ဓါတ်ပုံပြပွဲ ဆောင်ရွက် ထားရှိမှုအား ခရိုင်ဦးစီးမှူးက လိုက်လံပြသခဲ့ပြီး တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ရာတွင် အထက်တန်း၊ အလယ်တန်း အဆင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၄၂ ဦးနှင့်အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၅၄ ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)