သံတွဲ ဇူလိုင် ၁၈
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီလုပ်ငန်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများ စားဝတ် နေရေးကို တစ်ဖက်တစ်လမ်းက သက်သာချောင်ချိမှုဖြစ်စေရန် ရည်ရွယ်၍ စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်နိုင်ရေး အတွက် ၁၀-၇-၂၀၂၃ ရက်နေ့မှ ၁၆-၇-၂၀၂၃ ရက်နေ့ထိ ရပ်ကွက်စျေးများတွင် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြင်ပပေါက်စျေး ၈၀၀၀ ရှိသည့် စားသုံးဆီအား ၁ပိဿာ ၄၄၀၀နှုန်းဖြင့် ၁၀-၇-၂၀၂၃ ရက်နေ့ တွင် ကျောက်ဆိပ်ကျေးရွာ၊ ၁၁-၇-၂၀၂၃ နေ့တွင် ကင်းမော်ကျေးရွာ၊ ၁၂-၇-၂၀၂၃ ရက်နေ့တွင် နန်းချောင်းကျေးရွာ၊ ၁၃-၇-၂၀၂၃ ရက်နေ့တွင် အံတော်ကျေးရွာ၊ ၁၄-၇-၂၀၂၃ ရက်နေ့တွင် အမှတ် (၅) ရပ်ကွက်၊ ၁၅-၇-၂၀၂၃ ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်နှင့် ၁၆-၇-၂၀၂၃ ရက်နေ့တွင် အမှတ် (၆) ရပ်ကွက်တွင် နောက်ဆုံး နေ့အဖြစ် ရောင်းချခဲ့ပြီး ခန့်မှန်းခြေ ၃၂ ရက်အတွင်း ဆီပိဿာပေါင်း ၁၇၆၀၀ ပိဿာခန့်အား ရောင်းချနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရပါသည်။
ခရိုင် ပြန်/ဆက်