မာန်အောင် ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းသား၊ကျောင်းသူများ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက အ-ထ-က(ခွဲ) စျေးတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၈) ဦးက ``လေးမြတ်ဂုဏ်ရည်အာဇာနည်´´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ (၂) ဦးက ``သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်´´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၈) ဦးက ``မမေ့စဥ်လာအာဇာနည်နေ့အချိန်အခါ´´ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ( ၂)ဦးက ``အာဇာနည်မြတ်မမေ့အပ်´´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၆) ဦးက ``တို့များမမေ့နိုင်၁၉ဇူလိုင်´´ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသား/သူ စုစုပေါင်း (၃၆) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)