ရသေ့တောင် ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းကို ရသေ့တောင်မြို့နယ်၊ ပြင်ခေါင်ကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့မှ ဒေသခံပြည်သူများအားအသုံး အဆောင်ပစ္စည်းများ၊ ကလေးအဝတ် အထည်များ၊ သောက်ရေသန့်ကဒ်များ၊ ခေါက်ဆွဲခြောက်နှင့် ကြက်အူချောင်းများကို ကြက်ခြေနီ ဝန်ထမ်းများနှင့်ဒေသ ခံကြက်ခြေနီစေတနာလုပ်အားရှင်များက ယနေ့နံနက်ပိုင်းကသွားရောက် ထောက်ပံ့ကူညီခဲ့သည်။
ထိုသို့ထောက်ပံ့ပေးဝေရာတွင် အဆိုပါကျေးရွာများမှ အိမ်ထောင်စုပေါင်း(၁၇၉)စုအတွက် မိသားစုသုံးပစ္စည်း (၁၀၃) ပုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၇၉) ပုံး၊ အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၆၉) အိတ်၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁၈၀)အိတ်၊ တာပေါ်လင်(၁၅၂)ချပ်၊ ခြင်ထောင် (၇၆)လုံး၊ စောင်(၇၆)ထည်၊ မီးဖိုချောင် သုံးပစ္စည်း(၇၆) ပုံး၊ ဆပ်ပြာ(၁၇၉)တောင့်၊ ကလေး(၁နှစ်ခွဲမှ၂နှစ်ခွဲ) အဝတ်အထည် (၂၆)ထုပ်၊ လက်သမားသုံးအိမ်ဆောက်ပစ္စည်းအိတ်(၅၂)အိတ်၊ (၂၀)လီတာဆန့်သောက်ရေထည့်ပုံး (၂၅၉) ပုံး၊ (၁)လီတာ(၆)ဘူးပါသောက်ရေသန့်(၁၇၉) ကဒ်၊ ခေါက်ဆွဲခြောက်(၁၇၉၀)ထုပ်၊ ကြက်အူ ချောင်း (၁၇၉)ထုပ်တို့ကိုထောက်ပံ့ကူညီပေးခဲ့ပြီး ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် သန့်လေးသန့်ကျန်းမာရေး အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)